15 June 2010

ဝါရင်နိုင်ငံရေးသမားကြီး ဦးအောင်မြင့် ကွယ်လွန်

ချင်းမိုင်(မဇ္ဈိမ) ။     ။ ဝါရင်နိုင်ငံရေးသမားကြီး ဦးအောင်မြင့်သည် သွေးတိုးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ယနေ့နံနက်က ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိပြီ ဖြစ်သည်။

ဦးအောင်မြင့်သည် ဖျာပုံဇာတိဖြစ်ပြီး မဆလခေတ်က  ဖျာပုံခရိုင် ကွန်မြူနစ်ပါတီတွင် ဥက္ကဌ လုပ်ခဲ့ဖူးသလို ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်စိုးချိန်တွင် အလုပ်သမားကောင်စီတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ခောတ်အဆက်ဆက် နိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်ခဲ့သူများကို စုစည်းထားသည့် ဝါရင့်နိုင်ငံရေးအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သည်။

“သူက သေတဲ့အထိကို မြန်မာ့ ဒီမိုကရေစီအရေးမှာ တိုးတက်တဲ့ အင်အားစုအဖြစ်နဲ့ ပါဝင်လုပ်ဆောင်ခဲ့တာ အမှန်ပဲလေ။ ဆုံးရုံးမှုကတော့ ဒီအချိန်မှာ လက်ကျန် အင်အားစုနည်းတဲ့ အချိန်မှာ သူ ကွယ်လွန်သွားတော့ ကျနော်က ရဲဘော် ရဲဘက်တယောက်လည်း ဖြစ်တော့ ဝမ်းနည်းတာပေါ့။”ဟု လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ ဦးအုန်းမောင်က ပြောသည်။

ဝါရင့်နိုင်ငံရေးသမားအဖွဲ့ကို ၁၉၉၅ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမား လယ်သမားအဖွဲ့ဟောင်းများတွင် ပါဝင်ခဲ့သူ နိုင်ငံရေးသမားကြီးများဖြင့် ဖွဲ့စည်းခဲ့သည်။ စတင်ချိန်က ၂၃ ဦးပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် ၁၁ ဦးသာ ကျန်ရစ်သည်။

(မဇ္ဈိမမှတဆင့်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.