05 January 2010

အစိုးရ၀န်ထမ်း လစာနှုန်းများ ကျပ်(၂) သောင်း တိုးမြှင့်ပေး ၂၀၁၀ ဇန်န၀ါရီမှ စတင် ခံစားရမည်

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရ၀န်ထမ်းများ၏ လစာနှုန်းထားများကို ရာထူးအဆင့် မခွဲခြားဘဲ တစ်ပြေးညီ ၂၀၀၀၀ ကျပ် တိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးရုံး၊ နေပြည်တော်မှ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၀၉ ကို ဒီဇင်ဘာ (၃၁) ရက်တွင် ထုတ်ပြန်လိုက်သည်။
ဤအမိန့်ကြော်ငြာစာအရ ခံစားခွင့်များကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှ စ၍ ခံစားခွင့် ရှိစေရမည်ဟု ဖော်ပြထားသည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တနေ့ (၈) နာရီအတွက် (လက်ရှိ သတ်မှတ် လုပ်အားခ) ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်သို့ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း၊ တပ်မတော် ကြည်း-ရေ-လေ ၀န်ထမ်းများ၏ လစာနှုန်းသတ်မှတ်ချက်မှာ- တပ်မတော်အတွက် သတ်မှတ် လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဟု သိရသည်။
နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ၀န်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းထားများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ် လစာနှုန်းသစ်ကို ခံစားရန်ဖြစ်သည်ဟု အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။
သို့သော် အစိုးရရုံးဌာန ၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာငွေများ တိုးမြှင့်ခြင်း (သို့မဟုတ်) တပေါင်းတည်း အပြတ်စနစ် ထုတ်ပေးခြင်းတို့ကိုမူ ဖော်ပြထားခြင်း မရှိချေ။

အမှတ်စဉ်
လက်ရှိလစာနှုန်း(ကျပ်)
တိုးမြှင့်လစာနှုန်း(ကျပ်)

၁၅၀၀၀-၁၀၀၀-၂၀၀၀၀
၃၅၀၀၀-၁၀၀၀-၄၀၀၀၀

၂၁၀၀၀-၁၀၀၀-၂၆၀၀၀
၄၁၀၀၀-၁၀၀၀-၄၆၀၀၀

၂၇၀၀၀-၁၀၀၀-၃၂၀၀၀
၄၇၀၀၀-၁၀၀၀-၅၂၀၀၀

၃၃၀၀၀-၁၀၀၀-၃၈၀၀၀
၅၃၀၀၀-၁၀၀၀-၅၈၀၀၀

၃၉၀၀၀-၁၀၀၀-၄၄၀၀၀
၅၉၀၀၀-၁၀၀၀-၆၄၀၀၀

၄၅၀၀၀-၁၀၀၀-၅၀၀၀၀
၆၅၀၀၀-၁၀၀၀-၇၀၀၀၀

၈၀၀၀၀-၂၀၀၀-၉၀၀၀၀
၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀

၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀
၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀

၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀
၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀
၁၀
၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀
၁၆၀၀၀၀-၂၀၀၀-၁၇၀၀၀၀
၁၁
၁၆၀၀၀၀-၂၀၀၀-၁၇၀၀၀၀
၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
၁၂
၁၉၀၀၀၀-၂၀၀၀-၂၀၀၀၀၀
၂၁၀၀၀၀-၂၀၀၀-၂၂၀၀၀၀
(မှတ်ချက်) နှစ်တိုးများကို ၂ နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုသည်။

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.