၎င်းက “ကချင် ကာကွယ်ရေး တပ်မတော်တို့ကျတော့ ပြည်သူ့စစ် အဖွဲ့ကြီးတွေ ဖွဲ့ခိုင်းနေတာပေါ့။ ကောင်းခါမှာအခြေစိုက်လို့ ကောင်းခါ ပြည်သူ့စစ်ဆိုပြီး ဖွဲ့ဖို့ရှိတယ်၊ ကောင်းခါ (၁) ၊ ကောင်းခါ (၂) ဆိုပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးသွားမယ်။ သူကတော့ ပြည်သူ့စစ် ဖွဲ့မယ်ဆိုပြိး သဘောတူထားပြီသား၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကတော့ အဲဒါကို ဆွေးနွေးနေတုန်းပဲ” ဟု ပြောသည်။
ယင်းသို့ ဖွဲ့စည်းရာတွင် အသက် (၅ဝ) ကျော်များပါ ပါဝင်နိုင်သကဲ့သို့ ခေါင်းဆောင်ပိုင်းများက တပ်ဖွဲ့ နာယက အနေဖြင့် တာဝန်ယူသွားရန်ရှိနေပြီး အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို သက်ဆိုင်ရာ စစ်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲသွားရန် ရှိသည်ဟု သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-SESS) ခေါ် မိုင်းလားတပ်ဖွဲ့ကလည်း အဆိုပါ ပြည်သူ့စစ်အဖွဲ့ကဲ့သို့ မိမိတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းသွားလိုကြောင်း ကမ်းလှမ်းထားပြီး နအဖဘက်ကမူ တပ်မတော်သားများနှင့် ရောနှောဖွဲ့စည်းမည့် နယ်ခြားစောင့်တပ်ရင်းကိုသာ လက်ခံရန် ဖိအားပေးနေသည်။
အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ်အနီး ကယားပြည်နယ်၊ အထူးဒေသ(၂)၊ ကလလတအဖွဲ့အား နယ်ခြားစောင့် တပ်ရင်း(၂) ရင်းဖြင့် လည်းကောင်း၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်၊ ဂွေထူကျေးရွာ အခြေစိုက်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့အား အင်အား(၃ဝ) စီ ပါဝင်သည့် ကဝါးယန်ပြည်သူ့တပ်ဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖြစ် လည်းကောင်း မကြာသေးမီက မြန်မာစစ်အစိုးရက ဖွဲ့စည်း ပေးထားသည်။ ခေတ်ပြိုင်မှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။