09 February 2010

ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တွင် လိုင်စင်မဲ့ မော်တော်ကားများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် ဒုရဲအုပ် ဦးဇော်လင်းနှင့် အဖွဲ့က မြို့အထွက် နေရာများတွင် စောင့်ဖမ်းနေသည်။

“မူဆယ်မှာ မနေ့က စဖမ်းတယ်။ နမ့်ခမ်းက ဒီနေ့မှ စဖမ်းတယ်။ အိမ်ထဲဝင်ရှာတဲ့ အဆင့်တော့ မဟုတ်ဘူး။ လမ်းပေါ်ထွက်တဲ့ ကားတွေ အကုန်ဖမ်းတယ်။ မူဆယ်မှာမြို့အထွက် အေးရှားဝေါလ်ဂိတ်နဲ့ နမ့်ခမ်းဘက်သွားတဲ့ လမ်းမှာ စောင့်ဖမ်းတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားများကို အပြီးအပိုင် သိမ်းယူမည်ဟု ဒေသခံများက ဆိုသည်။

မူဆယ်မြို့ခံ ကားပွဲစားတဦးက “လိုင်စင်တွေ ချပေးမယ်ဆိုလို့ ဝစ်သောက်ကားတွေ အရမ်းဝယ်တာလေ၊ ရှမ်းမြောက် တခုလုံးပေါ့။ ဝစ်သောက်ကားဆို အကုန်ဖမ်းတယ်၊ အပြီးသိမ်းတာ။ မနေ့က မူဆယ်မှာ ၁၀ စီး ဖမ်းမိတယ်။ လားရှိုးမှာ အစီး ၃၀ ဖမ်းမိတယ်” ဟု ပြောသည်။

မူဆယ်တွင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာန (နကသ) နှင့် ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများ အသုံးပြုနေသော်လည်း ၎င်းကားများကို ဖမ်းဆီးခြင်း မရှိပါ။

''ရဲက ရဲတံဆိပ်ကပ်ပြီး စီးတယ်။ နကသ က စီးတယ်။ သူတို့ကိုယ်တိုင် ဖမ်းတာဆိုတော့ ဘယ်အဖမ်းခံရမလဲ။ ဖမ်းတဲ့ အာဏာပိုင်တွေက မနေ့ကတည်းက သူတို့နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းမယ့်အကြောင်း ဖုန်းနဲ့ ကြိုပြောထားပြီးပြီ'' ဟု မူဆယ် ကားပွဲစားက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတစ်ဝှန်းလုံးရှိ နယ်စပ်မှ တင်သွင်းခဲ့သော လိုင်စင်မဲ့ကား အစီးရေ ၁၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ထိုကားများကို ပြီးခဲ့သည့်နှစ်အတွင်း မြို့ကြီးများတွင် လေလံတင် ရောင်းချပစ်ခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.