01 January 2010

ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်

စစ်အစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို နေပြည်တော်က ယနေ့တွင် ဆင့်ခေါ်ထားရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြီးမှူး ကျင်းပမည့် အစည်းအဝေးသည် မဟာဗျူဟာမြောက်ဖြစ်ဖွယ် ရှိသည်။

စစ်ဘက် သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူ၏ အကြံအစည်များကို ရှင်းလင်း ပြောကြားသွားလိမ့်မည်ဟု သိရသည်။

”မနက်ဖြန်တော့ သတင်းထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း ပဲခူးမြို့တွင် ဒေသခံ အာဏာပိုင်များက နိုင်ငံရေးသမားများစာရင်း ပြုစုလျက် ရှိသည်။

ထို့ပြင် စစ်အစိုးရက သတင်းရဲတပ်ဖွဲ့ဝင် အားလုံးနှင့် ရဲဝန်ထမ်းများကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်သော ထင်မြင်ချက်များ ပေးပို့ရန် ညွှန်ကြားထားသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.