16 November 2009

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အိုဘားမားက တောင်းဆို



အမေရိကန် သမ္မတ အိုဘားမားက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အတွက် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်ဟု သိရသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အပါအ၀င် အာစီယံ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည့် အေပက်ညီလာခံတွင် အိုဘားမားက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်မှ သတင်းနှင့် ပြန်ကြားရေး အတွင်းဝန်ဖြစ်သူ Robert Gibbs က သတင်းထောက်များအား ပြောဆိုရာတွင် သမ္မတ အိုဘားမား အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အခြား ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးနှင့် တိုင်းရင်းသားလူမျိုးစုများအား ဖိနှိပ်နေမှု များ အဆုံးသတ်စေရေးအတွက် တောင်းဆိုခဲ့သည်ဟု သိရသည်။

အနောက်နိုင်ငံများသည် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ လိုလားသူများကို ဖိနှိပ်မှုများကြောင့် မြန်မာခေါင်းဆောင်များအား ဆယ်စုနှစ်နှင့်ချီ၍ တိုက်ရိုက်ဆက်ဆံခြင်း မပြုခဲ့ကြပေ။

အဆိုပါ အေပက်ညီလာခံအပြီးတွင် အမေရိကန်နှင့် အာဆီယံတို့ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကြေညာချက်ထုတ်၍ တောင်းဆိုသွားမည်ဟု သိရပြီး ပထမဆုံးအကြိမ်အဖြစ် ထိုသို့ ပူးတွဲတောင်းဆိုခြင်း ဖြစ်လာမည်။
သံလွင်အိပ်မက်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.