05 January 2010

ဘင်္ဂလားဒေ့ခ်ျ ဖုန်းကဒ်များ မောင်တောတွင် ဖမ်းမိ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော မိုဘိုင်းဖုန်းကဒ်များကို ဖမ်းမိခဲ့သည်။

ဘင်္ဂလားဒေခ်ျ တာကာငွေ ၃၀၀၀၀ (မြန်မာကျပ်ငွေ ၄၅၀၀၀၀) တန်းဖိုးရှိ Grameen နှင့် Aktal ကုမ္ပဏီမှ ဖုန်းကဒ် ၃၀၀ ကျော်ကို မောင်တောမြို့ အမှတ် (၂) ရပ်ကွက်နေ အသက် (၂၉) အရွယ် မူဆာမျာ ဆိုသူထံမှ ဇန်နဝါရီ ၂ ရက်နေ့က သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

နေ့ချင်းပြန် သွားလာခွင့်လက်မှတ် ကိုင်ဆောင်ထားသော မူဆာမျာ ကို ဘင်္ဂလားဒေ့ခ်ျမှ မောင်တောသို့ အပြန် မြန်မာဘက်ခြမ်း ဆိပ်ကမ်းအရောက်တွင် ရဲများက ရှာဖွေစစ်ဆေးရာက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဆက်သွယ်ရေးကို အသုံးပြုသော ဖုန်းကဒ်များကို တာကာငွေ ၅၀ တန်အား ကျပ် ၁၀၀၀၊ တာကာငွေ ၁၀၀ တန်အား ကျပ် ၂၀၀၀ နှုန်းဖြင့် လျှို့ဝှက် ဝယ်ယူ သုံးစွဲကြသည်။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ခ်ျငွေ ၁ တာကာကို မြန်မာငွေ ၁၅ ကျပ် ပေါက်ဈေး ရှိနေသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် မြန်မာ့ ဆက်သွယ်ရေးအောက်ရှိ တယ်လီဖုန်းနှင့် လက်ကိုင်ဖုန်းများမှာ ကုန်ကျစရိတ် အလွန် ကြီးမားပြီး ဝယ်ယူရ ခက်ခဲသောကြောင့် ဈေးနှုန်းချိုသာပြီး လွယ်ကူစွာ ဝယ်ယူ သုံးစွဲနိုင်သော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသုံး grameenနှင့် Aktal GSM ဖုန်းကုမ္ပဏီများမှ လက်ကိုင်ဖုန်းများကို လူသုံးများသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ဆက်သွယ်ရေး လိုင်းပါ လက်ကိုင်ဖုန်း တလုံးကို တာကာငွေ ၂၀၀၀ (ကျပ်ငွေ ၃၀၀၀၀) ဖြင့် ဝယ်ယူ ရရှိနိုင်သည်။

ဘင်္ဂလားဒေ့ခ်ျမှ ဝင်ရောက်လာသော လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ခြင်း မပြုရန်နှင့် ဖမ်ဆီးရမိပါက ငွေဒဏ် တသိန်း (သို့) ထောင်ဒဏ် တနှစ် အပြစ်ပေးသွားမည်ဟု မောင်တော အခြေစိုက် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး) ဗျူဟာမှူးက ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းတွင် အမိန့် ထုတ်ပြန်ခဲ့ဖူးသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ခ်ျနှင့်မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြား စီးပွါးရေး လုပ်ကိုင်နေသူများ အနေဖြင့် သက်ဆိုင်ရာ နယ်ခြားစောင့် နစကနှင့် ရဲများအား လက်ကိုင်ဖုန်း တလုံးကို တရားမဝင် ကိုင်ဆောင်ခ တနှစ်အတွက် ကျပ်ငွေ တသိန်ပေးကာ သုံးစွဲကြသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.