15 January 2010

တပ်မ ၆၆ ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန်

တပ်မ ၆၆ လက်အောက်ခံ တပ်များနှင့် ထောက်လှမ်းရေးတပ်များ အကြား တင်းမာမှု ဖြစ်ပွားနေသည်ဆိုခြင်းကို နေပြည်တော်ရှိ စစ်ဘက် သတင်းရပ်ကွက်တခုက မဟုတ်မှန်ကြောင်း ငြင်းဆို လိုက်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် သီးခြား ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခြေမြန်တပ်ရင်း ၅ သို့လည်း ပို့ဆောင်ထားခြင်း မရှိကြောင်းနှင့် ရှေ့တန်း စစ်မျက်နှာပြင် မဟုတ်သည့် အခြေစိုက် တပ်ရင်းစခန်းများတွင် ဗဟိုကင်းအဖွဲ့များနှင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များမှအပ လက်နက်တပ်ဆင် ပေးထားခြင်း မရှိသဖြင့် ပစ်ခတ်မှု ဖြစ်ပွားဖွယ်မရှိဟု သတင်းရပ်ကွက်က ပြောသည်။
mar28018
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း တရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား တင်းမာမှု ဖြစ်ပွားနေကြောင်း ကောလာလဟများ လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက ထွက်ပေါ်နေခဲ့သည်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ ယခုလ ၁၂ ရက်နေ့တွင် လွှင့်ထုတ်သော သတင်းတရပ်၌ တပ်မ ၆၆ လက်အောက်ခံ  အာဏာဖီဆန်သည့် ခမရ ၈ဝ က ပြီးခဲ့သည့် တနင်္ဂနွေညတွင် ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သည့် ခမရ ၅ ကိုလာရောက်တွဲသည့် ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

သီးခြားရရှိသော စစ်ဘက်သတင်းတရပ်အရမူ ယမန်နေ့က ခြေမြန်တပ်မ ၆၆ က တပ်ရင်းမှူးများကို ဆင့်ခေါ်ကာ ဘီဘီစီသတင်းအပေါ် အစည်းအဝေးထိုင်သည်ဟု ပြောကြားသည်။ သို့သော် သီးခြား အတည်ပြုချက် မရနိုင်ဘဲရှိသည်။

လျှို့ဝှက်လွန်းသော စစ်ဘက်သတင်းနှင့် ပတ်သက်၍ ကောလာဟလများသည် တပ်ဝင်းအနီး နေသူများမှ ထွက်လာသည်ဟု တပ်မ ၆၆ တာဝန်ရှိသူများက ယူဆနေကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.