04 December 2009

ဒီဇင်ဘာ ၃ ရက်နေ့မှစ၍ ရန်ကုန်မြို့လျပ်စစ်မီးအချိန် ပိုင်းဖြင့်သာ ရရှိ တော့မည်

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့မှစ၍ အများ ပြည်သူ များသို့ လျပ်စစ် မီးအား ယခင် နှစ်များ ကဲ့သို့ပင် အချိန် အပိုင်း အခြားဖြင့် ဖြန့်ဖြူးပေး မည်ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင် နှစ်များ ကလည်း ယခု ကဲ့သို့ နိုဝင်ဘာ၊ ဒီဇင်ဘာလများ ရောက်ရှိ လျင် ရန်ကုန်မြို့ နေအများ ပြည်သူနှင့် စက်မှုဇုန်များမှာ လျပ်စစ်မီးအား အချိန် ပိုင်းဖြင့်သာ ရရှိလေ့ရှိပြီး ယခုနှစ်တွင် လည်း ယခင် နှစ်များ နည်းတူပင် ထုံးစံ အတိုင်း လျပ်စစ်အား အချိန်ပိုင်း ဖြင့်သာ ရရှိ တော့မည် ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်အား လျပ်စစ်ဓာတ် အားဖြန့်ဖြူးရာတွင် အများပြည်သူကို (A)၊(B)၊(C)သုံးအုပ်စုခွဲကာ အချိန်ပိုင်း ဖြင့် အလှည့်ကျခွဲဝေဖြန့်ဖြူးသွားရန် စီစဉ်ထားသည်ဟု သိရသည်။

''ကျွန်တော် မြို့နယ်လျပ်စစ်ရုံးကို မီးအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်း တော့ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး အချိန်ပိုင်းနဲ့ ပေးသွားဖို့ ရှိနေတယ်။ အများပြည်သူကို A အုပ်စု၊ B အုပ်စု၊ C အုပ်စုဆိုပြီး သုံးအုပ်စုခွဲပေးမယ်။ မနက် ၅ နာရီကနေ မနက် ၁၁ နာရီ အထိ A အုပ်စုကို မီးပေးမယ်။ မနက် ၁၁ နာရီကနေ ညနေ ၅ နာရီထိ B အုပ်စုမီးရမယ်။
ညနေ ၅ နာ ရီကနေ ည ၁၁ နာရီအထိ C အုပ်စုမီးရမယ်။ အဲဒီလိုမျိုးတစ်အုပ်စုကို ဆက်တိုက် ၆ နာရီ တစ်ခါ အလှည့် ကျမီးပေးမယ်။ မီးအားနိုင်တယ်ဆိုရင်တော့ မီးရတဲ့ အုပ်စုအပြင်တခြားအုပ်စုတွေကိုပါ မီးပေးသွားဖို့ ရှိပါတယ်တဲ့။ ဥပမာ-A အုပ်စုမီးလာချိန်မှာ ကျန်တဲ့ အုပ်စု ကို အရန်အနေနဲ့ သတ်မှတ်ထားမယ်။ B အုပ်စုမီးလာချိန်၊ C အုပ်စု မီးလာချိန် မှာလည်း တခြားအုပ်စုတွေကို အရန် အဖြစ်သတ်မှတ်ထားမယ်။ မီးအားနိုင် တယ်ဆိုရင်အလှည့်ကျရမယ့် အုပ်စုအ ပြင်အရန်အဖြစ်သတ်မှတ်ထားတဲ့ အုပ်စု ကိုပါပေးမယ်လို့ တာဝန်ရှိတဲ့ သူက ရှင်းပြခဲ့ပါတယ်။ ပေးမယ့်အချိန်ဇ ယားကိုလည်း ဆွဲထားတာတွေ့ရပါ တယ်''ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါသည်။
ဟံသာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.