28 December 2009

ကချင် ပြည်နယ်အတွင်း ရယက အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းရန်ပြင်

ကချင် ပြည်နယ်အတွင်း အောက်ခြေအဆင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းမှုများ လုပ်တော့မည် ဖြစ်ကြောင်း အာဏာပိုင် သတင်းရပ်ကွက်တခုက ပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့် ကတည်းက ဖွဲစည်းထားခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်ဟောင်းများ အထဲမှ အဂတိ လိုက်စားသူများ နံမည်ပျက် စာရင်းဝင်သူများကို နူတ်ထွက်စေမည်ဖြစ်ပြီး ၄င်းနေရာတွင် လူသစ်များ အစားထိုးသွားမည် ဖြစ်သည်။

ပထမ အဆင့်အနေဖြင့် မြို့နယ်အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ- မယက ဥက္ကဌများ က ရပ်ကွက် ၊ ကျေးရွာ အုပ်စုအဆင့် ရယကအဖွဲ့ဝင်များကို စိစစ်မှု့များ စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်က ပြောသည်။

မယကဥက္ကဌ က အပြစ်မရှိဟု ယူဆသူ ထောက်ခံချက် ရရှိသူများကို ဆက်လက် တာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်းဆိုသည် ။

ရယက အဖွဲ့ဝင်သစ်များကို  မယက ဥက္ကဌများက လျှာထားရွေးချယ် သွားရန်ရှိပြီး မကြာခင် အစားထိုးသွားမည်  ဖြစ်ကြောင်း သိရသည် ။ 

ရယက ဥက္ကဌ တဦးဖြစ်ရမည့် အရည်အချင်းမှာ ဘွဲ့တခုခု ရထားသူ၊  အသက် ၃၅ နှစ်နှင့် ၄၀ ကြားရှိသူ၊  ပါတီနိုင်ငံရေး ကင်းရှင်းသူ၊ သက်ဆိုင်ရာရပ်ကွက်အတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းပုံစံရှိသူ ရာဇဝတ်မှု့ခင်း မရှိသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.