05 December 2009

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အားကစား ကွင်းများ ကို အဆင့်မြှင့် တင်မည်

သမိုင်းဝင် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း တည်ရှိသည့် အားကစား ကွင်းများကို အဆင့်မြှင့် တင်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက နိုဝင်ဘာ ၁၄ ရက် နေ့က ပြောသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာ ရေးကော်မတီက အကုန် အကျခံကာ ယင်းတက္ကသိုလ်ဝင်း အတွင်းရှိ အား ကစားကွင်း ပေါင်း ၂၉ ကွင်း ကိုချုံနွယ်များ ရှင်းခြင်း အပါ အ၀င် လိုအပ်သည့် အဆင့်မြှင့်တင်မှု များကိုပါပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ နေ့က ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း၌ မြို့တော်ဝန်က သတင်းထောက် များကို ပြောသည်။

ပြင်ဆင်မည့် အားကစားကွင်း ၂၉ ကွင်းတွင် ဘောလုံးကွင်း ၁၀ ကွင်း၊ တင်းနစ်ကွင်း ၁၅ ကွင်း၊ ရေကူးကန် တစ်ခုနှင့် ကြက်တောင်ကွင်း လေးကွင်း ပါဝင်ကြောင်း သိရသည်။

လာမည့် ၂၀၁၀ ပြည့်နှစ်တွင် သက်တမ်း ၉၀ နှစ် ပြည့်တော့မည့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အား ကစားကွင်းများ အဆင့်မြှင့်တင်နိုင်ရန် အတွက်လိုအပ်သည့်လုပ်သားအင်အားမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအောက်ရှိ နေ့စားဝန်ထမ်းများပင်ဖြစ်ကာ အဆိုပါနေ့၌ပင် လုပ်ငန်း စတင်အ ကောင်အထည် ဖော် ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကွင်းများတွင် မီတာ ၄၀၀ ရှိသည့် ပြေးခုန်ပစ်ကွင်းတစ်ခုပြုလုပ်ရန်အတွက် အားကစားဝန်ကြီးဌာန နှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။

အလားတူ ရန်ကုန်မြို့တွင်ရှိသည့် အခြား တက္ကသိုလ်များတွင်ရှိသည့် အားကစားကွင်း များအဆင့်မြှင့် တင်ခြင်းကိုလည်း ထပ်မံဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

"နောက်ပိုင်း တခြားတက္ကသိုလ်တွေမှာရှိတဲ့ အားကစားကွင်း တွေအဆင့်မြှင့်တင်ရာမှာလည်း ပံ့ပိုး ကူညီပေး သွားမှာဖြစ်ပြီး ဆက်တိုက် လုပ်ပေးသွားမှာပါ"ဟုမြို့တော်ဝန်က ပြောသည်။

ကျောင်းသားလူငယ်များအားကစား လိုက်စားမှု ပိုမိုများပြားလာပြီး တက္ကသိုလ်အဆင့် အားကစားအသင်း များပိုမိုပေါ်ထွက်လာစေရန်အတွက် လည်းရည်ရွယ်ကြောင်း ပညာရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဟံသာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.