31 October 2009

နေပြည်တော်ရှိ စစ်ခေါင်းဆောင်သုံးဦး၏ လုံခြုံရေးတိုးမြှင့်ထား


အမေရိကန် နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်ဘဲလ် နှင့် အဖွဲ့ လာရောက် မည့် သီတင်းတစ်ပတ် အလိုက စပြီး နေပြည်တော် တွင် လုံခြုံရေးများ တိုး မြှင့်ထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒုတိယဗိုလ် ချုပ် မှုးကြီး မောင်အေး နှင့် ဗိုလ်ချုပ် ကြီး သူရ ရွှေမန်း တို့ ၏ နေထိုင်ရာ အနီးတစ်ဝိုက်တွင်
လက်မရွံ ကွန်မန်ဒို တပ်ဖွဲ့ များ အများအပြားချထားသည် ဟု သံချပ်ကာ ယန္တယား တပ်မှ
အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

သီတင်း နှစ်ပတ် အတွင်း သီရိလင်္ကာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် အစီအစဉ်
ရှိသည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မှာ ၎င်း၏ ကျန်းမာရေး အခြေအနေ ကြောင့်သွားရောက် နိုင်ခြင်း မရှိတော့ ဟု လည်းသတင်းများထွက်ပေါ်နေ
သည်။

နေပြည်တော် တွင် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ၊တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ် များ အတွက် သဘော ကွဲလွဲ မှုများ ဖြစ်ပေါ်နေပြီး
ဝ ပြည်အား ထိုးစစ်ဆင်မည့် သဘောထားရှိသူ များ ဘက်မှ အားသာ နေကြောင်းသိရ
သည်။

နေပြည်တော် တွင် ဂျူနီယာ စစ်ဗိုလ်ချုပ်များ အား စစ်ခေါင်းဆောင် များ ၏ လုံခြုံရေး အဖွဲ့ 
များက စောင့်ကြည့် မှုများရှိနေပြီး အချို့ စစ်ဗိုလ်ချုပ်များ ၏ သွားလာမှု များကို ထိန်းချုပ်ကန့် သတ်ထားသည် ။
ဗိုလ်ချုပ် မှုးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံ သို့ သွားရောက် လည် ပတ်စဉ် ရက်များ တွင် စစ်ဗိုလ် ချုပ် နှစ်ဒါဇင် ကျော်ခန့်  အထူးစီမံ ထားသော တရားစခန်း တွင် ၀င်ရောက်နေထိုက် ရမည် ဖြစ်ပြီး ထိုတရားစခန်း၏ အပြင်ဘက် တွင် ကွန်မန်ဒိုများက စောင့်ကြပ်ကာ အပြင်ထွက်ခွင့် နှင့် မိသားစု နှင့် တွေ့ ဆုံခွင့် များမရှိဟု သိရသည်။

လာမည့် ရက် အနည်းငယ် အတွင်း အရေးပါသည့် ရာထူးနေရာ အပြောင်းအလဲ များဖြစ်ပေါ်မည် ဟု လည်းသိရသည်။

သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦးက အရေးပါသည့် စစ်လက်နက် ပစ္စည်းများအား
နေရာ ရွှေ့ ပြောင်းထားရှိ သည် ဟု ပြောသည်။နေပြည်တော် ရှိ အရပ်ဘက် အစိုးရ အရာရှိ
တစ်ဦးက မူ နေပြည်တော် ၏ သက်တမ်းလေး နှစ် အတွင်း ပထမဆုံး အကြိမ် မတည် မငြိမ် ဖြစ်မှု ဟု ပြောကြားကာ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပွား နိုင်ကြောင်း
သုံးသပ်ပြောကြားသည်။
Freedom News Group မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.