တရုတ်နိုင်ငံလုပ် အက်ဖ်-၇ အမျိုးအစား ဂျက်တိုက်လေယာဉ် တစီးသည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် ပျက်ကျရာ လေသူရဲသေဆုံးကြောင်း လေတပ် သတင်းရပ်ကွက် တခုက ပြောသည်။
သေဆုံးသူ လေသူရဲမှာ ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
လေတပ် သတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားရာတွင် အသက် ၂၃ နှစ်အရွယ် ပိုင်းလော့မောင်းနှင်သော တယောက်စီး တိုက်လေယာဉ်မှာ လေ့ကျင့်ချိန်အတွင်း အဆင်းတွင် ဘီးချမရ၍ ရှပ်တိုက်ဆင်းရာက မီးလောင် ပျက်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။
"ပျက် ကျတယ်ဆိုတာ မှန်ပါတယ် ၊ ကျနော်တို့က ပြောလို့မရပါဘူး ၊ စ သုံးလုံးက ကိုင်ထားပါတယ်၊ ပြီးတော့ လေတပ်ကို မေးရင်တော့ တိတိကျကျ သိနိုင်ပါတယ် ၊ အခု လေဆိပ်မှာ တာဝန်ရှိသူတွေ အရမ်း အလုပ်ရှူပ်နေပါတယ် ” ဟု လေဆိပ် တာဝန်ကျ ရဲအရာရှိ တဦးကလည်း ပြောသည်။
မဇ္ဈိမမှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။