13 January 2010

အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန်များ ဆွေးနွေးမည်

နှစ်နိုင်ငံ နယ်စပ်တွင် လှုပ်ရှားနေသည့် သူပုန်များ အရေးနှင့် လုံခြုံရေးကိစ္စ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန်များအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲတရပ်ကို ယခုလ ၁၉ ရက်နေ့မှ စတင်၍ နေပြည်တော်တွင် ကျင်းပသွားမည်ဟု သိရသည်။

အိန္ဒိယ ပြည်ထဲရေးအတွင်းဝန် G K Pillai ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မြန်မာ ဒုပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်ဖုန်းဆွေ ဦးဆောင်သည့် အဖွဲ့တို့သည် အိန္ဒိယ အရှေ့မြောက် ဒေသတွင် လှုပ်ရှားနေသည့် သူပုန်များ အရေး၊ မြန်မာ့ပိုင်နက်အတွင်း ၎င်းတို့စခန်းများ ထားရှိခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားကြမည်။

လုံခြုံရေးကိစ္စ နောက်ဆုံးအခြေအနေများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ၊ ထိရောက်သော နယ်စပ်ဒေသ ကြီးကြပ်ရေးကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်တလျှောက် စီမံကိန်းဝင် လုပ်ငန်းများအရေး ဆွေးနွေးသွားမည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ဆိုသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ - NSCN, အာသံ လွတ်မြောက်ရေးတပ်ဦး - ULFA ကဲ့သို့ ခွဲထွက်ရေး သူပုန်အဖွဲ့များအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင် အခြေပြု လှုပ်ရှားနေရာ ထိုကိစ္စများအတွက် အိန္ဒိယအနေဖြင့် ဖိအားပေးဖွယ်ရှိသည်။

မဇ္ခ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.