30 December 2009

ကိုညီညီအောင် နောက်ထပ် တမှု တိုးပြန်


အင်းစိန်ထောင်၌ တရားဆိုင်နေရသည့် အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို လူဝင်မှု ကြီးကြပ်ရေး လဝက က မှတ်ပုံတင်မှုဖြင့် ယနေ့ ထပ်မံ၍ တရားစွဲဆိုကြောင်း သူ၏ ရှေ့နေက ပြောသည်။

အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးတွင် လိမ်လည်မှု အပါအဝင် အမှု ၃ မှုဖြင့် ရဲက တရားစွဲဆိုထားစဉ်  ယနေ့ရုံးထုတ်ရာ၌ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လဝက ကပါ ၁၉၄၉ အက်ဥပဒေအရ မှတ်ပုံတင်တွင် မမှန်မကန် ဖော်ပြမှုဖြင့် ထပ်မံ၍ တရားစွဲဆိုခြင်း ဖြစ်သည်။

“ကိုညီညီအောင်ကို အမှုတမှု ထပ်တိုးတယ်။ ၁၉၄၉ ခုနှစ် အက်ဥပဒေ  ပုဒ်မ ၆ (၃) အရ မှတ်ပုံတင် ရေးသွင်းတဲ့ နေရာမှာ မမှန်မကန် ဖော်ပြတာတို့၊ မမှန်မကန် ဖြည့်စွက်မှုနဲ့ ပတ်သက်လို့ ဗိုလ်တထောင် လဝက ဦးစီးအရာရှိက တရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အတွက် လာမယ့် ၁ ရက်နေ့မှာ အမှုတင်သင့်၊ မတင်သင့်ကို အမိန့်ချမယ်။ အမှု အသစ်အတွက်လည်း စတင်စစ်ဆေးမယ်”ဟု ရှေ့နေ  ဦးဥာဏ်ဝင်းက ပြောသည်။

အသက် ၄၀ အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ကို ယနေ့နံနက်တွင် ထောင်တွင်း၌ ပထမ ၃ မှု စွဲချက်တင်သင့်၊ မတင်သင့်အတွက် သူ၏ ရှေ့နေများက လျှောက်လဲချက်ပေးရာ ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဒု-ကောင်စစ်ဝန် တဦးလည်း လာရောက် နားထောင်ခဲ့သည်။  
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.