26 November 2009

ရန်ကုန်တွင် ဒီဇယ်ဈေး မြင့်တက်

ရန်ကုန်တိုင်းရှိ စက်သုံးဆီ ဒီဇယ်ဆီဈေးကွက်မှာ ၅ ရက်အတွင်း သိသာစွာ ထိုးတက်သွားကြောင်း ဒီဇယ်အရောင်း ကုမ္ပဏီတချို့က ဆိုသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ဒီဇယ် ၅၀ ဂါလံဝင် တပေပါကို ကျပ် ၁ သိန်း ၃ သောင်း ဈေးရှိရာမှ ယနေ့ပေါက်ဈေး ကျပ် ၁ သိန်း ၅ သောင်းခန့်အထိ ကျဆင်းသွားကြောင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေးရှိ ဒီဇယ်အရောင်း ကုမ္ပဏီ တချို့က ဆိုသည်။

“လက်လီဈေး တဂါလံက ၃ဝဝဝ (ကျပ်) ဈေးရှိတယ်။ လွန်ခဲ့တဲ့ ၅ ရက်က ၂၆ဝဝ ပါ။ ဘာကြောင့် တက်တယ်ဆိုတာ မသိဘူး” ဟု ဘုရင့်နောင် ဒီဇယ်အရောင်း ကုမ္ပဏီတခုက မဇ္စျိမကို ပြောသည်။

မရမ်းကုန်းမြို့ရှိ ကားအင်ဂျင်ပြင်သည့် ဝင်းမြဆိုင်တွင် ကားအင်ဂျင်ပြုပြင်ရန် ယမန်နေ့က ဒီဇယ်ဆီ တပေပါကို ကျပ် ၁ သိန်း ၅ သောင်း ၂ ထောင် ဈေးနှုန်းပေးခဲ့ရကြောင်း သိရသည်။

ဘုရင့်နောင်ဈေးက အလင်းရောင်ဆီဆိုင် တာဝန်ရှိသူ တဦးကမူ “ကုမ္ပဏီက ဈေးတက်လိုက်တာပါ။ ကျမတို့က တဆင့်ရောင်းဆိုတော့ သူတို့ဈေးတင်ရင် ကျမတို့ကလည်း ဈေးနည်းနည်း တင်ရတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

၎င်းဆိုင်တွင် ဒီဇယ်ဆီ တဂါလံကို လက်လီဈေး ကျပ် ၃ဝဝဝ ရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်း အင်ဂျင်ဝိုင်ဈေးနှုန်းမှာ လက်လီရောင်းဈေး ယခင် ကျပ် ၅၅၀၀ ဈေးနှုန်းရှိရာမှ  ယနေ့ပေါက်ဈေး ကျပ် ၅ဝဝဝ အထိ ကျဆင်းသွားသည်။ ။

ယခုလို အပြင် ဒီဇယ်ဈေးနှုန်းများ ထိုးတက်သွားသော်လည်း အစိုးရဈေးနှုန်းမှာ ယခင်အတိုင်း တဂါလံလျှင် ကျပ် ၃ဝဝဝ နှင့် FEC ၂ ဒဿမ ၉ ဒေါ်လာသို့ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အစိုးရ ဒီဇယ်အရောင်းဆိုင်က တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.